MCAP နှင့် MCAP ၏လုပ်ဆောင်ချက်

မြန်မာ့လူ့အဖွဲ့အစည်းအတွက်ပညာရေးအစီအစဉ် (Myanmar Community Academies Program – MCAP) ကိုအလွှာနှစ်ခုဖြင့်ဖွဲ့စည်းထားပါသည်။ ပထမအလွှာမှာ ရန်ကုန်တွင်တည်ရှိသည့် MCAP ဗဟိုအစီအစဉ် (MCAP Central Program) ဖြစ်ပါသည်။ ပထမအလွှာသည် ဒုတိယအလွှာနှင့်မိတ်ဖက်လုပ်ဆောင်ပြီး၊ ဒုတိယအလွှာတွင် ဘားအံ၊ လွိုင်ကော် နှင့် မြစ်ကြီးနားမြို့ တို့၌ရှိသော လူထုအခြေပြု သင်တန်းကျောင်း(Academy) (၃) ကျောင်းပါဝင်ပါသည်။
MCAP Central Program သည် မိတ်ဖက်သင်တန်းကျောင်းများမှ မိမိတို့၏ဒေသတွင်း တန်ဖိုးထားမှုအခြေပြု ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်အထောက်အပံ့ပေးပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် စွမ်းရည်မြင့်တင်ရေးကဏ္ဍကိုအတိုင်းအတာတစ်ခုထိထောက်ပံ့ပေးခြင်းနှင့် နည်းပညာဆိုင်ရာအထောက်အပံ့များဖြစ်သည့် မျှော်မှန်းချက်တည်ဆောက်ခြင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ သင်တန်းပေးခြင်း၊စောင့်ကြည့်လေ့လာခြင်း နှင့် ပြန်လည်သုံးသပ်ခြင်းများ ကို လုပ်ဆောင်ပါသည်။ တူညီသောမျှော်မှန်းချက်နှင့်ပန်းတိုင်များဖြင့် MCAP သည် သင်တန်းကျောင်းများ ဆက်လက်ရှင်သန်တည်ရှိရန်နှင့် တောင့်တင်းခိုင်မာရန် လုပ်ဆောင်သေချာစေပါသည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်များမှာ – အကျိုးခံစားသူ ရပ်ရွာလူထုအသိုင်းဝိုင်း၏ အစဉ်ပြောင်းလဲနေသောလိုအပ်ချက်များကို သင်တန်းကျောင်းများမှ နားလည်သဘောက်ပေါက်စေရန်အတွက် စဉ်ဆက်မပြတ်လုပ်ဆောင်ရန်ဖြစ်သည်။ ထိုသို့အားဖြင့် သင်တန်းကျောင်းများသည် အရည်အသွေးပြည့်မှီပြီး လျော်ကန်ကိုက်ညီသည့် ပညာရေးကိုပေးဆောင်နိုင်သောသင်တန်းကျောင်းများအဖြစ်ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်သည်။

ကွဲပြားသော လူမျိုး၊ ကိုးကွယ်ရာဘာသာ များမှရောက်ရှိလာကြသောလူငယ်များသည် သင်တန်းကျောင်း၏ (၂)နှစ်တာ အထူးကြပ်မတ်သင်တန်(Intensive Course) ကို တက်ရောက်ကာ စွမ်းရည်များကို လက်ကမ်းယူကြပါသည်။ ဒေသတွင်းရှိ အခက်အခဲပြဿနာရပ်များကို ခွဲခြမ်းစိပ်ဖြာနိုင်ရန်၊ အပြုသဘောဆောင်သော ပြောင်းလဲမှုကိုဖော်ဆောင်နိုင်ရန်အတွက် ဆန်းသစ်သော နည်းဗျူဟာများဖော်ထုတ်အသုံးချနိုင်မည့် စွမ်းဆောင်ရည်များကိုတိုးပွားလာစေရန် ထိုစိတ်အားထက်သန်နေသည့်လူငယ်များသည် သင်တန်းကျောင်းတွင် မိမိတို့၏ စွမ်းရည်များကို မြှင့်တင်ကြပါသည်။ ထို့အပြင် မိမိတို့၏ ရပ်ရွာလူထုတိုးတက်ရေးစီမံကိန်းများစတင်နိုင်ရန်ပူးပေါင်းလုပ်ဆောင်နိုင်မည့် အဖွဲ့များနှင့်လည်း အချိတ်အဆက်ရယူခြင်း(Networking) ကိုသင်တန်းကာလတွင် လုပ်ဆောင်ကြပါသည်။ မိမိတို့ကိုယ်ယုံကြည်မှုရှိခြင်းနှင့် အမှီအခိုကင်းသော လေ့လာသင်ယူခြင်း(Independent Learining) ကိုပျိုးထောင်ပေးသော နည်းလမ်းများကိုအသုံးပြုလျှက် စာသင်ခန်းတွင်းနှင့်စာသင်ခန်းပြင်ပ သင်ခန်းစာများဖြင့် ကျွန်ုပ်တို့သည် ကျောင်းသား၊ ကျောင်းသူများထံအသိပညာများကို ပေးအပ်ပါသည်။ ကျောင်းသားဗဟိုပြုခြင်း(Student-Centered) ၊ အလေးပေးပြန်လှည်ဆန်းစစ်ခြင်း၊ ဝေဖန်သုံးသပ်နိုင်စွမ်း(Critical thought) နှင့် လက်တွေ့လုပ်ဆောင်ကာလေ့လာခြင်းစသည့်နည်းလမ်းများကို ကျွန်ုပ်တို့အသုံးပြုပါသည်။ ထိုသို၌အားဖြင့်၊ ကျွန်ုပ်တို့သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများသည် အသိပညာနှင့်စွမ်းရည်ပြည့်ဝသောလူငယ်များကို အလွန်အမင်းလိုအပ်နေသည့်မိမိတို့၏ လူမှုအသိုင်းအဝိုင်းကို အားအင်ဖြည့်တင်းပေးကာ အပြုသဘောဆောင်သည့် ပြောင်းလဲမှုကို လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။

လုပ်ဆောင်ချက်

လူမျိုး၊ဘာသာ နောက်ခံမျိုးစုံမှရောက်ရှိလာကြသော စွမ်းရည်များရှိကြသည့် လူငယ်များသည် မိမိတို့ရပ်ရွာလူထုအသိုင်းအဝိုင်းတွင် အပြုသဘောဆောင်သည့် ပြောင်းလဲမှုကိုဖော်ဆောင်ရာ၌တက်ကြွစွာပါဝင်နိုင်ရန်အတွက် မိမိတို့၏ တတ်ကျွမ်းမှုနှင့်လုပ်ဆောင်နိုင်မှုစွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေရေးတွင် အကူအညီပေးနိုင်ရန်။ ဆက်လက်ဖတ်ရှုရန် ►

၏ချိတ်ဆက်မှုများ

ကျွန်ုပ်တို့၏ မိတ်ဖက်သင်တန်းကျောင်းများမှ လုပ်ကိုင်သည့်လုပ်ငန်းနှင့် မိမိတို့၏ လူမှုအသိုင်းအဝိုင်းအား ထူးခြားပြီး၊ တိုးတက်သောပညာရေးဖြင့် ထောက်ပံ့ပေးနေပုံ အကြောင်းကို ဖတ်ရှုလေ့လာကြည့်ပါ။ ဆက်လက်ဖတ်ရှုရန် ►

အကျိုးခံစားရသူများ

ကျွန်ုပ်တို့၏ ကျောင်းသားကျောင်းသူများသည် ကျယ်ပြန့်ကွယ်ပြားသော နောက်ခံ၊ အတွေ့အတွေ့အကြုံ နှင့်နေရာဒေသများမှရောက်ရှိလာကြခြင်းဖြစ်သည်။ မည်သို့သောကျောင်းသားများကိုကျွန်ုပ်တို့မှလိုအပ်သည်၊ သင်တန်းကျောင်းတက်ရောက်ရန် သင်မည်ကဲ့သို့လျှောက်ထားနိုင်သည် စသည့်အချက်များကိုသိရှိရန် လေ့လာဖတ်ရှုကြည့်နိုင်ပါသည်။ ထို့အပြင် သင်တန်းကျောင်းတက်ရောက်ပြီးဆုံးခဲ့ကြသည့် ကျောင်းသူကျောင်းသားများသည် ယခုအခါတွင် မည်သည့်လုပ်ငန်းတာဝန်များကို လုပ်ကိုင်ဆောင်ရွက်နေကြသည်ကိုလည်း ဆက်လက်လေ့လာကြည့်ရှုနိုင်ပါသည်။ ဆက်လက်ဖတ်ရှုရန် ►